တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

တောင်သာ   ဇူလိုင်   ၁

တောင်သာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် (Cash For Work) စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။             

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်က အမှာစကားပြောကြားပြီးနောက် တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးက စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်မှုနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားပါသည်။                                                                                 

ထို့နောက် စီမံကိန်းဝင် ကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း()ရွာ ကျပ်သိန်း(၃၀၀)အား သာယာအေးကျေးရွာသို့လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ရန်နိုင်စိုးက (Cash For Work) စီမံကိန်းကျေးရွာ()ရွာကျပ် သိန်း(၁၀၀)အား ဇဂျမ်းအုပ်စု၊ ကန်သုံးဆင့်ကျေးရွာသို့လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးနှင့် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ (VDP)ကျေးရွာ (၁၅)ရွာအား တစ်ရွာလျှင်ငွေကျပ်သိန်း(၁၀၀)စီ စုစုပေါင်းငွေကျပ်သိန်း(၁၅၀၀)အား စီမံကိန်းကျေးရွာများသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြ ကြောင်း သိရသည်။                                                                        

တောင်သာမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ကို ဝဲလောင်၊ ခံပင်ရွာ၊ ချောင်းဆုံ၊ နယ်သာယာ၊ မြေဖြူကုန်း၊ ညောင်ခြေထောက်၊ အင်းတဲ၊ ပန်းပေါင်း၊ ပဒပ်စာကုန်း၊ အေးရွာ၊ ပုလင်၊ အုတ်ဖို၊ ရသစ်၊ ချောင်းဆုံ()နှင့် ကျောက်ဖူး ကျေးရွာ (၁၅)ရွာဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)