မြင်းခြံ စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်(ကြည်း/ ရေ/ လေ)မိသားစုများက စုပေါင်း၍ PPE ဝတ်စုံများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြင်းခြံမြို့ ပြည်သူ့ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကျောက်ပန်းတောင်းမြို့(တပ်နယ်မှူး) ဗိုလ်မှူးချုပ်ကျော်ကျော်က မြင်းခြံမြို့ ပြည်သူ့ဆေးရုံကြီးအတွက် PPE ဝတ်စုံ ၆၅၊ Mask အခု ၁၀၀၀၀၊ ကာကွယ်ရေးသုံး မျက်မှန် (၃၀) ခု၊ ရာဘာဖိနပ်လည်ရှည် (၃၀) စုံ၊ လက်အိတ် အစုံ ၃၀ တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်း တို့က လက်ခံရယူ ခဲ့သည်။
တပ်မတော်(ကြီး/ရေ/လေ) မိသားစုများက စုပေါင်း၍ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းက မြင်းခြံမြို့ နာရေးကူညီမှု အသင်း၊ အဖြူရောင်လက်များပရဟိတအသင်း၊ ဧရာဝတီ သွေးလှူရှင်အသင်းတို့အား ပြန်လည် ခွဲဝေပေးခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)