ငါန်းဇွန် ၊ စက်တင်ဘာ-၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ငါန်းမြာကျေးရွာအုပ်စု ငါန်းမြာကျေးရွာ ကျေးလက်စည်ပင်သာယာ ဈေးအတွင်း၌ ယမန်နေ့ နံနက် ၇နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များမှ Mask (၃၀၀)ခုနှင့် အလှူရှင် ဉီးအောင်ကိုကိုနှင့် ဇနီး ဒေါ်ရေကြည်ချမ်းမြ(ဘောဂဗလ မိသားစု)တို့မှ လှူဒါန်းသော Mask (၁၂၀၀)ခု၊ စုစုပေါင်း Mask (၁၅၀၀)ခုကို ဈေးရောင်းဈေးဝယ် ပြည်သူများအား မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ စည်ပင် သာယာဝန်ထမ်းများ၊ ငါန်းမြာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)