တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်‌ဆောင်ရွက်ရန် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်

တကောင်း     စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးခင်မောင်ဦးမှ မြို့နေပြည်သူများ mask များ စနစ်တကျတပ်ဆင်မှုရှိစေရေးအတွက် mask campaign များကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲများပူးပေါင်း၍ အလှည့်ကျဆောင်ရွက်သွားရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးစစ်ဆေးရေးဂိတ်များကို တိုင်းဒေသကြီးအစိုရအဖွဲ့၏  စည်းကမ်းချက်များ အတိုင်း စနစ်တကျစစ်ဆေး ဆောင်ရွက်သွား ရန်‌ ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များကလည်း ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

သီတာအောင်(ပြန်/ဆက်)