နောင်ချို ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ CROWN ဘိလပ်မြေစက်ရုံမှ ဗလာစာအုပ် ၂၀၀ဒါဇင်အား ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် CROWNဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ရှင်သာမဏေ၊ ကျောင်းသား/ ကျောင်းသူများအတွက် ဗလာစာအုပ် ၂၀၀ဒါဇင်အား လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
သဖန်းကိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ရှင်သာမဏေ စုစုပေါင်း ၂၈၉ဦးရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြည့်ကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)