တွံတေး ဇူလိုင် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်က အဖွင့်အမှာစကားနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားချက် များအား ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ အသက် (၅) နှင့်မှ အသက် (၁၂) အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးသည့် ရာခိုင်နှုန်း၊ ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူ များမှာ ဆေးထိုးချိန်နေမကောင်းဖြစ်ခြင်း၊ ရောဂါအခံရှိသူများသာ ကျန်ရှိကြောင်းနှင့် Booster Doose ကို ပြည့်မီစွာထိုးနှံနိုင်ရေး၊ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်လုံခြုံရေးတပ်ရင်းမှူး ဗိုလ်မှူးဘုန်းမြင့်ကြွယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇာနည်မောင်က မြို့နယ်ရပ်ကွက်၊ ကျေးရွာများအတွင်း လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်ကြပါရန်နှင့် လုံခြုံရေးကိစ္စများတွင် ဝိုင်းဝန်းပါဝင်ကူညီကြပါရန် ပြောကြားခဲ့သည်။
ထို့နောက် အခြားမြို့နယ်များနှင့် ထိစပ်နေသောကျေးရွာများ အဝင်အထွတ်ဂရုပြုကြရန်၊ ထူးခြားမှုရှိပါက အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်ကြရန် ကြောင်းခဲ့ကြောင်း သိရသည်။ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများနှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ရေး ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများနှင့် လုံခြုံရေးကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်ရန်တို့ကိုမှာ ကြားရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် တွံတေး