ကာမိုင်း ဇူလိုင် ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းတို့သည် ကာမိုင်းမြို့ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့ ခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများအား ယမန်နေ့ နံနက် (၉)နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သဘာဝဘေးအန္တာရာယ်ဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသည်။
ဆက်လက်၍ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြပြီး၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်း/တံတားစသည့် လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြို့ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေ ကျပ်(၂,၀၇၀,၀၀၀)တိတိကိုပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)