မော်လမြိုင် ဇူလိုင် ၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းက ကြီးမှူးဖွင့်လှစ်သော ရပ်ရွာအခြေပြု အသက်မွေး၀မ်းကြောင်း အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို မေလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်က ညောင်ပင်ဆိပ်တိုးချဲ့-၂ ရပ်ကွက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သာသနာ့ရောင်ခြည်ကျောင်းတိုက် ဆရာတော်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာတို့က ရပ်ရွာအခြေပြု အသက်မွေး၀မ်းကြောင်း အခြေခံစက်ချုပ်သင်တန်းများကို အိမ်တွင်းမှုကျောင်းမရှိသည့် ဒေသနှင့်အိမ်တွင်းမှု ကျောင်းများသို့သွားရောက် ရန်အခက်အခဲရှိသော ဒေသများသို့ လာရောက်ဖွင့်လှစ်ခြင်းဖြစ်၍ များစွာအကျိုးရှိကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည့် ဆင်းရဲနွမ်းပါးသော အမျိုးသမီးတို့၏ ဘဝရပ်တည်နိုင်သော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့ပြနှင့် ကျေးလက်တစ်ပြေးညီ ဖွံဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ်ခဲ့သည့် သင်တန်းဖြစ်သောကြောင့် သင်တန်းသူများ အနေဖြင့်လည်း သင်တန်းမှရရှိသည့် အတတ်ပညာများဖြင့် မိမိတို့၏ မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရပ်ရွာအခြေပြု အသက်မွေး၀မ်းကြောင်း အခြေခံစက်ချုပ်သင်တန်း၌ ပထမဆုရရှိသူတစ်ဦးအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာက စက်ချုပ်စက်တစ်စုံ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ၂၇-၅-၂၀၂၂ ရက်နေ့မှ ၃၀-၆-၂၀၂၂ ရက်နေ့အထိ သင်တန်းသူ ၂၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်