ရမည်းသင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်းကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြစို့မြေစိုက်ပိုစတာစိုက်ထူပွဲကျင်းပ

ရမည်းသင်း  ဇူလိုင်  ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ အမှတ်(၅)မြို့မ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယမန်နေ့ ညနေ ၃နာရီခွဲအချိန်ကကျောင်းနေအရွယ် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြစို့ မြေစိုက်ပိုစတာစိုက်ထူပွဲကိုကျင်းပပြုကြောင်း သိရသည်။

အဆိုပါမြေစိုက်ပိုစတာ စိုက်ထူပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးဇော်ဇော်မိုးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦးတို့က မြေစိုက်ပိုစတာစိုက်ထူပွဲကို တက်ရောက်ကာဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

မြေစိုက်ပိုစတာစိုက်ထူးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဒေါ်မာမာအေး၊ မြို့နယ်ပညာရးမှူး(တာဝန်ခံ) ဦးအောင်သိန်းထွန်း၊ ဌာနဆိုင်ရာအရာရှိများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)