တောင်ဥက္ကလာပမြို့နယ်၌ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

တောင်ဥက္ကလာပ ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများမိုးရာသီကာလတွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ဦးဆောင်၍ ဝန်ထမ်းများက အဖွဲ့ပိုင်ယာဉ်ယန္တရားများနှင့် ရပ်ကွက်များရှိ ရေမြောင်းများအား ဖော်ထုတ်ရှင်းလင်းခြင်း၊ လူနေထူထပ်သည့်လမ်းများရှိ ယာဉ်ယန္တရားမဝင်နိုင်သည့် နေရာများအား လူအားဖြင့် ဖော်ထုတ်ရှင်းလင်းပေးလျက်ရှိကြောင်းသိရပြီး ထွက်ရှိအမှိုက်များအားလုံးကို အဖွဲ့ပိုင်ယာဉ်များဖြင့် စနစ်တကျ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း