ဒေါပုံမြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေး လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်

ဒေါပုံ ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ မြို့နယ်အတွင်းရှိပြည်သူများ၏ လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေရေးစသည်ဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ဇွန်လ ၃ဝ ရက်နံနက် ၉ နာရီအချိန်က မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ဒေါပုံမြို့နယ်မြို့သစ်​​ရပ်ကွက်၊‌ ‌ပင်လုံလမ်းအရှေ့တွင် အမြင်မတင့်တယ်‌သော အမှိုက်/ မြက်ချုံများရှင်းလင်းခြင်းလုပ်ငန်းများအား အနီးအနားရှိ ရပ်ကွက်နေပြည်သူ(၃)ဦးနှင့် မြို့နယ်စည်ပင်သာယာဝန်ထမ်းအင်အား(၂၁)ဦး၊ ခေတ္တ EO တို့ဖြင့် မြို့နယ်အတွင်းရှိလမ်းများ၏ ဘေးဘက်ဝဲယာတစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊  လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်းစသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒေါပုံမြို့နယ်အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူဇာ၀င်း