တိုက်ကြီးမြို့နယ်တွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ဗဟိုရန်ကုန်ရုံးခွဲမှ တီဘီရောဂါရှာဖွေကုသနိုင်ရေး ကွင်းဆင်းဆောင်ရွက်

တိုက်ကြီး ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်တိုက်ကြီးမြို့နယ်တွင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း ဗဟိုရန်ကုန်ရုံးခွဲမှ တီဘီလူနာကွင်းဆင်းရှာဖွေရေးအစီအစဉ်အရ တီဘီရောဂါရှာဖွေကုသရေးလုပ်ငန်းများကို ယမန်နေ့နံနက် နာရီခွဲက ဉက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ရွှေကံသာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း ဗဟိုရန်ကုန်ရုံးခွဲမှ ဒေါက်တာရန်ရှင်းဖောင်(Mobile Team Leader) ဉီးဆောင်သောအဖွဲ့တို့က ဉက္ကံမြို့အတွင်းရှိ    ပြည်သူများအား ခေတ်မီစက်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးပေးရာ တီဘီရောဂါရှိ / မရှိစစ်ဆေးသူ(၉၄)ဉီး၊ ဆီးချိုရောဂါ ရှိ/မရှိစစ်ဆေးသူ ၁၀၆ ဉီး စုစုပေါင်းပြည်သူ (၂၀၀)ဉီး လာရောက်ပြသခဲ့သည်။

အဆိုပါ တီဘီရောဂါ ရှာဖွေကုသနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်​များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်