တောင်ဥက္ကလာပ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာစေရေးအတွက် ယနေ့နံနက်(၉:၃၀)အချိန်က အမှတ်(၁၅)ရပ်ကွက်၊ သံသုမာလမ်း၊ ဘေလီတံတားအနီးတို့တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ သံသုမာလမ်း၊ လမ်းဆုံ၊ လမ်းခွတို့တွင် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်မော်တော်ယာဉ်စစ်ဆေးအရေးယူရေး ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့် မြို့နယ် မီးသတ်တပ်ဖွဲဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သည့် သုမင်္ဂလာလမ်းနန္ဒဝန်စျေးရှေ့နှင့် အခြေခံပညာကျောင်းများရှေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ၊ စျေးဝယ်သူခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း