ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာအမျိုးသမီးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်                                 

ကမာရွတ် ဇွန် ၃၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြိုနယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community  Centre )ခန်းမ၌ ဇူလိူင်(၃)ရက်​နေ့တွင် ကျ​ရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို​သောအားဖြင့် အမျိုးသမီးများ​နေ့ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk  Show  ကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk  Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိမ်းလဲ့နှင့် စာ​ရေးဆရာမ​ပေါက်​ပေါက်တို့မှ ​​​မြန်မာအမျိုးသမီးများ​နေ့ဖြစ်​ပေါ်လာပုံ အ​​ကြောင်းများ၊ မြန်မာအမျိုးသမီးများနေ့ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်များ၊ တန်ဖိုးရှိ​သောအမျိုးသမီးတစ်ဦးဖြစ်ဖို့အတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများ၊ မိမိတို့အားကျမိတဲ့ အမျိုးသမီးစွမ်း​​​​ဆောင်ရှင်များ၏အကြောင်းများ၊ ယနေ့ခေတ် မြန်မာအမျိုးသမီးများ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေဖို့အတွက် အကြံပြုချက်များကို အပြန်အလှန်​ဆွေး​နွေးခဲ့​ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)