ရေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျား/မရေးရာ (Gender)နှင့် ကျား/မရေးရာ အခြေပြုကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရေး ဇွန် ၃၀

မွန်ပြည်နယ်၊ ရေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍  ကျား/မ ရေးရာ (Gender) နှင့် ကျား/မရေးရာ အခြေပြုကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက ရေးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာမှ ကျား/မ ရေးရာ (Gerden)နှင့် ကျား/မရေးရာအခြေပြုကြမ်းဖက်မှု (GBV) ဆိုင်ရာအကြောင်းအရာတွင် (Gender) ဆိုသည်မှာ စတင်မွေးဖွားသည်မှစ၍ ယောကျ်ား၊ မိန်းမဟု စတင်ပုံသွင်းရခြင်းဖြစ်ကြောင်း ကျား/မ ရေးရာအကြမ်းဖက်မှု အမျိုးအစားများဖြစ်သည့် ရုပ်ပိုင်ဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပို်ငးဆိုင်ရာ၊ စီးပွါးရေးဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများအကြောင်း၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ အများဆုံးဖြစ်လေ့ရှိသည့် အကြမ်းဖက်မှုအကြောင်း၊ အကြမ်းဖက်မှု၏ နောက်ဆက်တွဲအကျိုးဆက်များအကြောင်းနှင့် ကျား/မအခြေပြုအကြမ်းဖက်ဖြစ်ပွါးက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို Power Point ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တတ်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်ဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာမှ ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။ ဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေး၊ ပြန်/ဆက်