မြောက်ဦး ဇွန် ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို အလယ်ဈေးရပ်ကွက် အ.မ.က မူလွန်ကျောင်း၌ ယမန်နေ့က ဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ သဘဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦး စီးဌာန၊ မြို့နယ်ဦးစီးမှူးမှ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေး အန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ကျောင်းသူ/ကျောင်းသားများ ဆောင်ရန် ရှောင်ရန်အချက်များဖြစ်သည့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန် အချက်များ၊ ရေကြီပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်သော အဖွဲ့မှလည်း ရေဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များ စနစ်တကျ ဝတ်ဆင် အသုံးပြုတတ်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်း၊ ခရီး သွား ပြည်သူများအား (Life Jacket)များ လက်တွေ့ဝတ်ဆင်ခြင်းများ လက်တွေ့ပြသခြင်း များ ပြောကြားပြီးနောက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှလည်း ရှေးဦးသူနာပြုစုခြင်းသည် လူတစ် ယောက် ရုတ်တရက် ထိခိုက်ဒဏ်ရာရသွားခြင်း၊ အစာနင်ခြင်းများ၊ အရေးပေါ်ကျန်းမာရေးပြသာနာတစ်ခုခုကြောင့် ကြုံရလျှင် ဆေးကုသမှု မခံနိုင်ခင်ကာလ အသက်အန္တရာယ်ရှိတတ် အခြေ အနေကို ရှေးဦးပြုစုနည်းဖြင့် လက်တွေ့ သရုပ်ဖော်ပြခြင်းများ ပြုလုပ်ပြသလျက်ရှိကြောင်း သိ ရသည်။
မြင့်စိုး (ပြန်/ဆက်)