လွိုင်လင် ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ကျားမရေရးရာ(Gender)နှင့် ကျားမရေးရာအခြေပြုအကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၀၉:၃၀) နာရီက နဝဒေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေက စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လွိုင်လင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမွှေးမွှေးခင်က သဘာဝဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေးဖြူက အမျိူးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကျားမအခြေပြုအကြမ်းဖက်မှုအကြောင်းကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းယုယုလွင်က ကလေးသူငယ်အကြမ်းဖက်မှုအကြောင်းကိုလည်းကောင်း၊ လွိုင်ခမ်းအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွှန့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ပေးသည့် ဥပဒေများအကြောင်းကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က ကျားမရေးရာ(Gender)နှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှု(GBV) ဆိုင်ရာကူညီဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရု့းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသီးသီးဟောပြောကြသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဟောပြောချက်များနှင့်ပတ်သက်၍ အပြန်အလှန် မေးမြန်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြရာ အဆိုပါအသိပညာပေးဟောပြောပွဲတွင် အထက-၁ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)