ကျောက်ဆည် ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ (၂၅၉၅၀)ဦး ထိုးပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ပထမအကြိမ်တွင် အသက်(၅)နှစ်မှ(၁၅)နှစ် ကျောင်းသား/ကျောင်းသူ (၂၅၉၅ ၀)ဦးနှင့် ကျောင်းပြင်ပကလေးသူငယ်(၇၆၀)ဦး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၄၉၆)ဦး၊ အသက် (၁၅)နှစ်နှင့်(၁၈)နှစ်အတွင်း သာမဏေနှင့်သီလရှင် (၁၄၈၄)ဦး၊ အသက်(၁၈)နှစ်အထက်ပြည်သူ(၁၆၇၆၂၁)ဦး စုစုပေါင်း (၂၀၄၃၁၁)ဦးနှင့် ဒုတိယအကြိမ်တွင်(၁၅၈၅၅၅)ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသူ (၁၅၁၃၁)ဦးအား ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအမျိုးအစားများအလိုက် အသက်အရွယ်ပြည့်ပြီးသူတိုင်းအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ရက်ကွက်၊ ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး စုရပ်အဖြစ် အခြေခံပညာကျောင်း(၆၄)ကျောင်းနှင့် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၊ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှစသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ပထမအကြိမ်၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)