လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ကျောင်းသား/သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

လမ်းမတော် ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.လ.က(၁)၊အ.မ.က(၁)၊ အ.မ.က(၅)မှ ကျောင်းသား(၆၅)ဦး၊‌ ကျောင်းသူ(၅၈)ဦး စုစုပေါင်း(၁၂၃)ဦးအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့်စောင့်ကြည့်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များပြုလုပ်နိုင်ရေး စာရင်းရေးသွင်းခြင်းနှင့် QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များအားပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိပရဟိတအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအတိုင်း တိကျစွာလိုက်နာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်