ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြသည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာစည်သူ အောင်က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာနှင့် စာသင်ကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးရာ  တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများမှ  တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းအကြောင်း အရင်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးလုပ်ငန်းများနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)