ဟိုပုံး ဇွန် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးရွာ(၇)ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေတို့ဖြင့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်အတွင်း ကျေးလက်ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဟိုပုံးမြို့နယ် ဘော်ကုန်းကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် (၂/၀)မိုင်၊ ရေတားတမံနှင့် ဂါလံ (၅၀၀၀) ဆံ့ရေကန်၊ ပင်လောင်းမြို့နယ်၊ လုံးပိုးကျေးရွာအုပ်စု၊ လွယ်တောင်းကျေးရွာတွင် ဂါလံ (၁၀၀၀၀) ဆံ့ရေကန်၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ နောင်စကာကျေးရွာတွင် (၀/၃.၉၈)မိုင်၊ ဂါလံ (၅၀၀၀)ဆံ့ရေကန်၊ အင်ဂျင်၊ ပန့်၊ ရေစက်ရုံတို့ကိုပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာ(၃)ရွာတွင် ကျပ်(၁၂၄.၀၄၉၇)သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ဘန့်ကွန်ကျေးရွာတွင် ၄ လက်မ PVC (၃၀၀)ပေ၊ ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်၊ ရေစက်ရုံနှင့် မီးလိုင်း(၁၅၀၀)ပေ၊ ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာ အုပ်စု၊ ဆီဆုံကုန်းကြီးကျေးရွာတွင် (၁/၀)မိုင်၊ ရေစက်ရုံ၊ ရေတင်ပန့်နှင့် အင်ဂျင်၊ ဂါလံ(၁၀၀၀၀) ဆံ့ရေစုကန်နှင့် ရေတားတမံ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ နောင်ရင်းဒုံကျေးရွာတွင် (၁/၀)မိုင်(အမြင့်တင်ခြင်း)နှင့် ရေသွယ်တန်းခြင်း၊ ပင်စုံကျေးရွာအုပ်စု၊ နန်းဩကျေးရွာတွင် (၂/၀) မိုင်ရေသွယ်တန်းခြင်းနှင့် (၂/၀)မိုင်ရေပိုက်ဝယ်ယူခြင်းလုပ်ငန်းများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ကျေးရွာ(၄)ရွာတွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၂၀၆.၄၈၀၀) သန်းဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကျေးလက်ရေရှိရေးလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၂၄.၀၄၉၇) သန်းနှင့် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၂၀၆.၄၈၀၀)သန်းဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကျိုးပြုအိမ်ခြေ (၁၀၁၃)အိမ်၊ လူဦးရေ (၄၇၄၉)ဦး အတွက် သန့်ရှင်းသောသောက်သုံးရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ပအိုဝ်းဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)