သီပေါမြို့နယ်ဓမ္မသုခသီလရှင်စာသင်တိုက်တွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများဆောင်ရွက်

သီပေါ ဇွန် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို မြန်မာရပ်ကွက်ရှိ ဓမ္မသုခသီလရှင် စာသင်တိုက်တွင် ယမန်နေ့မွန်းလွှဲ(၂)နာရီအချိန်ကပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုပေးသောအဖွဲ့သည် ဓမ္မသုခသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးများကို သွားတိုက်ခြင်းသရုပ်ပြသခြင်း၊ လက်ဆေးခြင်းသရုပ်ပြသခြင်းနှင့် သွားတိုက်ခြင်း၊ လက်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ခြင်းဖြင့်ရောဂါများကို ကာကွယ်နိုင်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်များကို   ရှင်းလင်းဟောပြောပေးခဲ့ပြီးနောက် သီလရှင်ဆရာလေးများအားလုံးကို တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းများကိုပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို အခြေခံ ပညာကျောင်းများ၊ စာသင်တိုက်များသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်‌ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)