ခရမ်းမြို့သန့်ရှင်းသာယာလှပ၍ အန္တရာယ်မဖြစ်ပွားစေရေး မြို့တွင်းသစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း

ခရမ်း ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီသစ်ပင်သစ်ကိုင်းများကြိုးကျ၍ ပြည်သူများအန္တရာယ်မဖြစ်စေရေးအတွက် မြို့တွင်းလမ်းမကြီးများ၏ ဝဲယာတွင်ပေါက်ရောက်လျက်ရှိသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက် ၈ နာရီက ခရမ်းမြို့အမှတ်(၂)ရပ်ကွက်၊ မင်းလမ်းတစ်လျှောက်နှင့်မြို့မဈေးကြီးရှေ့ဝန်းကျင်ရှိ လမ်းဘေးဝဲယာတွင် မြို့နယ်စီပင်သာယာရေးအဖွဲ့မှ လိုက်လံရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရှင်းလင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိဦးမြင့်ဦး၏လမ်းညွှန်မှုဖြင့် မြို့နယ်အင်ဂျင်နီယာ ဒေါ်ကောင်းမြတ်မွန်မှကြီးကြပ်၍ သစ်ပင်ကြီးများ၏ အန္တရာယ်ဖြစ်နိုင်သည့် အကိုင်းအခက်များ၊ လျှပ်စစ်ကြိုး၊ ဖုန်းကြိုးများဖြင့်မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း )