ကျောက်ဆည် ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေ ပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီက ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေရေး ပုံပြော၊ ကဗျာရွက်၊စကားပုံဆက်၊ဆေးရောင်ချက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့်အတိုင်း ကျောင်းစာအပြင် အချိန်ကိုအကျိုးရှိစွာ အသုံးချသည့်အနေဖြင့် စာကောင်းပေမွန်များဖတ်ရှုခြင်းဖြင့် ဘဝတွင်အောင်မြင်ကျော်ကြားသူများ မလွဲမသွေဖြစ်စေရေး ပညာရဲရင့်ပွဲလည်တင့်သူများ ဖြစ်စေရန်အတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရှိဒေါ်ခင်နှင်းရီက ထူးချွန်သူများသည် တိုးတက်သူများဖြစ်ကြောင်း၊ အလိမ္မာစာမှာရှိဆိုသည့်အတိုင် စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် လိမ္မာယဉ်ကျေးသူများလိမ္မာသော ကျောင်းသား/ကျောင်းသူများဖြစ်စေလိုကြောင်း စာအေုပ်စာပေများ ဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည်တိုက်တွင် အခမဲ့လာရောက်ဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)