နမ့်ဆန် ဇွန် ၃၀
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက -၁)တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲသူနာပြုတပ်ဖွဲ့တို့သည် မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည် (၂)နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးခင်မောင်က ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး ဒုတပ်ခွဲမှူး ဦးသိန်းကျော်က ပေါက်ကွဲစေသောပစ္စည်းများအကြောင်းကို အကျယ်တဝင့်ရှင်းပြပြီး ဘေးအန္တရာယ်ထိခိုက်မှု အသိပညာပေး ဗီနိုင်းများ၊ နံရံကပ်ပိုစတာများ ရှင်းလင်းဟောပြောဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပြီး တက်ရောက်လာသောကျောင်းသား/သူများကို လက်ကမ်းစာစောင်၊ ပုံပြကာတွန်းစာအုပ်များဖြန့်ဝေခြင်း၊ မေးခွန်းများမေးမြန်းခြင်း ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း ကျောင်းအတွက် လက်သန့်ဆေးရည်(၅)ဘူး၊ နှာခေါင်းစည်း(၂၀၀)ခုကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)