ဘီးလင်း ဇွန် ၃၀
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ပွဲကို ဇွန် ၂၉ ရက်နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွက် လူမှုရေးပင်စင်ရရှိသော အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၇၂၂) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် သိန်းပေါင်း (၂၁၆.၆) သိန်းကို ဘီးလင်းမြို့ နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြတ်ကျော်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် တာဝန်ရှိသူများမှ ဆရာစံရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်ဘိုးဘွား ၁၅ ဦးတို့အား လူမှုရေးပင်စင်များကို အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထူးနောင် ဘီးလင်း (ပြန်/ဆက်)