မိုင်းရယ် စက်တင်ဘာ ၈
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် မိုင်းရယ်မြို့နယ် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မောင်ရွှေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ် ရေးမှူး ဦးသန်းလွင်က မိုင်းရယ်မြို့နယ်အနေဖြင့် ရွေးကောက်ပွဲအဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများကို လည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းက မဲရုံများအား စစ်ဆေးမှုနှင့် မဲစာရင်းများ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးက မဲစာရင်းများ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် မဲရုံများအခြေအနေများကို လည်း အသီးသီး ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးအောင်က မဲရုံများတွင် မီးရရှိမှုနည်းပါးသဖြင့် ဆိုလာ မီးဖြင့် မလုံလောက်နိုင်ခြင်းကြောင့် ကျေးရွာမှ မီးစက်များဖြင့် ဆောင်ရွက်ရန်အတွက် လောင်စာဆီ လိုအပ်ချက်များကို တင်ပြရာ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေး ခဲ့သည်။
မိုင်းရယ်မြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၅)အုပ်စုတွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံ(၄၅)ရုံရှိပြီး ၂၀၂၀ခုနှစ်၊ သြဂုတ်လထိ ဆန္ဒမဲ ပေးနိုင်သည့် လူဦးရေ(၄၈၀၂၉)ဦးရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်