တောင်သာ ဇွန် ၂၉
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မျောက်ကျောက်ရောဂါ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မျောက်ကျောက်ရောဂါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက မျောက်ကျောက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များ၊ သတိပြုရမည့်အချက်များကို မေးမြန်းခဲ့ရာ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ပြန်လည်ပြောကြားဆွေးနွေးခဲ့ကြောင်းသိရသည်။
ယင်းဆွေးနွေးပွဲ၌ မျောက်ကျောက်ရောဂါ သတိပြုစရာလက္ခဏာများ၊ မျောက်ကျောက်ရောဂါ မိမိကစကာကွယ်ပါ၊ မျောက်ကျောက်ရောဂါဆိုတာဘာလဲ၊ သင်ကိုယ်တိုင် မျောက်ကျောက်ရောဂါ ဖြစ်ပွားရ သည်ဟု သံသယရှိပါက ကျန်းမာရေးဌာနသို့ အကြံဉာဏ်ရယူပါ၊ ရောဂါလက္ခဏာ ခံစားနေသူနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကျဉ်ခြင်းအားဖြင့် မိမိကိုယ်ကို မျောက်ကျောက်ရောဂါ ကူးစက်မှုမှ ကာကွယ်ပါ၊ မျောက်ကျောက်ရောဂါ ရောဂါလက္ခဏာ ခံစားနေသူနှင့် ထိတွေ့မှုရှိပါက မျောက်ကျောက် ရောဂါကူးစက်ခံရသည့် အချက်အလက်များစသည့် အကြောင်းအရာများကို ပြည်သူများအသိပညာပေးအဖြစ် အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်