မြစ်သားမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါတားဆီးကာကွယ်ရေး၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း နှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

မြစ်သား   ဇွန်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်ရှိစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိရစ္ဆာန် ကူးစက်ရောဂါတားဆီးကာကွယ်ရေး၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က အဆိုပါဦးစီးဌာနရုံးရှိ သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာမြစ်သားမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ဇော်က သင်တန်းကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တိရစ္ဆာန်များ အချင်းချင်းကူးစက်ရောဂါများကင်းရှင်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကျွဲ၊ နွား၊ ဆိတ်များတွင်ရောဂါများ ဖြစ်ပွားပါက ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆိတ်များ၏ အစာအာဟာရများစသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ဇော်နှင့် ဒုတိယဦးစီးမှူး ဒေါက်တာနေလွင်ထူးတို့က သင်တန်းသို့ တက်ရောက်လာကြသည့် မြစ်သားမြို့နယ် မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများမှ သင်တန်းသားများအား ကျွဲ၊နွား၊ ဆိတ်စသည့် တိရစ္ဆာန်များ ကူးစက်ရောဂါတားဆီး ကာကွယ်ရေး ဆောင်ရန်/ ရှောင်ရန်များ၊ ဆိတ်များတွင် ဖြစ်တတ်သော ကူးစက်ရောဂါများအကြောင်း၊ ကူးစက်ရောဂါများအတွက် ကြိုတင်ကာကွယ်ရမည့်ကာကွယ်ဆေးများအကြောင်း၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖက်ပြုလုပ်နည်း သင်ခန်းစာများစာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့မှုများကို သင်တန်းသား အချင်းချင်း အပြန်အလှန်၎င်းတို့၏ အတွေ့အကြုံများအား ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကိုဇွန်လ၂၆ ရက်မှ ၂၈ရက်နေ့  နံနက်(၈)နာရီမှ နေ့လည်(၁၂)နာရီထိ (၃)ရက်ကြာသင်ကြားပို့ချခဲ့ ကြောင်း ဒေါက် တာနေလွင်ထူးထံမှ သိရသည်။

သီတာအောင်