နောင်ချိုမြို့နယ် အထက-၁ ၌ ကြက်ခြေနီအသင်းခွဲမှ မိုင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲပြုလုပ်

နောင်ချို  ဇွန် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲတို့၏ စီစဉ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၁  နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ခွဲမှူး ဒေါ်ခင်ချိုအေးက ပေါက်ကွဲစေတက်သောပစ္စည်းများအကြောင်း ဘေးအန္တရာယ်ထိခိုက်မှုဆိုင်ရာ အသိပညာပေးများကို ပိုစတာ၊ ဗွီနိုင်းများဖြင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။ ၎င်းနောက်တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများ မေးမြန်းဖြေကြားစေခြင်း၊ အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲသို့ အမှတ်()အခြေခံပညာအထက်​တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၂၇၅) ဦးတက်ရောက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအနေဖြင့် မှိုင်းအန္တရာယ်ကိုသိရှိနိုင်စေရန်နှင့် အန္တရာယ်ကြုံတွေ့သည့်အခါရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ဟောပြောဆောင်ရွက်ရခြင်းဖြစ်​ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။

ထွေးငယ်၊ပြန်/ဆက်