ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များငှားရမ်းပေး

ကော့မှူး ဇွန် ၂၉

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအ‌နေဖြင့် အားလပ်သည့်အချိန်တွင် စာအုပ်စာပေများ ဖတ်ရှုသည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့်‌ မြို့နယ်ပြည်သူ့ စာကြည့်တိုက်သို့ လာ‌ရောက်ငှားရမ်းရန် အချိန်မရှိသူများအတွက် မိမိတို့ရုံးဌာနများ‌အ‌ရောက် အချိန်မကုန်လူမပင်ပန်း‌ စေဘဲစာအုပ်စာ‌စောင်များ‌ လေ့လာဖတ်ရှုနိုင်စေရေးအတွက် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်က မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် စာအုပ်စာ‌စောင်များငှားရမ်းပေးနေကြသည်။

ယခုအခါ ကိုဗစ်-၁၉ရောဂါ‌လျော့နည်းကျဆင်းလာပြီဖြစ်‌သောကြောင့် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်‌နေပြည်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်း‌ပေးနေခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာ‌ရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါရွေ့လျားစာကြည့်‌တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများ လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန် ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာ ရရှိစေရန် သုတ/ ရသစာအုပ်(၅၀၀)ကျော်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ်စာအုပ်အသစ်များဖြင့် ပြန်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ