လှည်းကူးမြို့နယ်၊ မြေနီကွင်းကျေးရွာ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

လှည်းကူး ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီက မြေနီကွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်

အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ကျောင်းသားကျောင်းသူများကို ဆေးထိုးအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံပေးပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား/ကျောင်းသူ (၁၈၇)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသောကျောင်းများကိုလည်း ကိုဗစ်‌-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။  

အေးအေးနွဲ့(ပြန်/ဆက်)