စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

စဉ့်ကိုင် ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့မွန်းလွဲ(၂) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ယနေ့ခေတ်ပညာရေး၊ စီးပွားရေး စသည့် နယ်ပယ်အသီးသီးတွင် အမျိုးသမီးများပါ၀င်လာကြောင်း၊ အမျိုးသမီးများအတွက်လုပ်ငန်းခွင် လုံခြုံစိတ်ချရမှုရှိရေးသည် အလွန်အရေးကြီးကြောင်းနှင့် အမျိုးသမီးများ အကြမ်းဖက်မှုမခံရအောင် အသိပညာဗဟုသုတရရှိစေရေး သင်တန်းပေးခြင်းများ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ပြီး ဒေါ်ခင်ဆန်း ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်က အမျိုးသမီးများအပါ် အကြမ်းဖက်မှုကာကွယ်ထိန်းချုပ်တားဆီးရေးမူကြမ်းဖြစ်ပေါ်လာပုံနှင့် အမျိုးသမီးများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ အမျိုးသမီးများ၏ အခွင့်အရေး၊ အကြမ်းဖက်မှုမခံရအောင် ဥပဒေဖြင့်ကာကွယ်ထားမှုအခြေအနေများကို ပြည်သူများသိရှိစေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)