ပျဉ်းမနားမြို့နယ်အရှေ့ခြမ်း တောင်ပေါ်ဒေသံခံပြည်သူများအား တန်ဖိုးမြှင့်ဝါးစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်းပို့ချပေး

 ပျဉ်းမနား ဇွန် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်  ပျဉ်းမနားမြို့နယ်အရှေ့ခြမ်း တောင်ပေါ်ဒေသခံပြည်သူများအား မိသားစုဝင်ငွေတိုးတက်ရရှိစေရေးအတွက် တန်ဖိုးမြှင့်ဝါးစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်းကို ဇွန်လ(၂၆)ရက်နေ့က မြသီတာကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသန္တာကြည်၊ ညွှန်ကြားရေးမှူး ဒေါ်သီတာချောလှိုင်၊ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်း နှင့် Na Rain Dara Co.Ltd မှ ဒါရိုက်တာ ဒေါ်နန်းခင်အုန်းတို့က  ရေရှည်တည်တံသော ဝါးစိုက်ခင်းထူထောင်ခြင်း၊ ဝါးပင်မှတန်ဘိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း၊ မျှစ်ခြောက်ပြုလုပ်နည်း အဆင့်ဆင့်တို့ကို ဆွေးနွေးသင်ကြား ပို့ချပေးကြပြီး ထွက်ကုန်များအား ကန်ထရိုက်စနစ်ဖြင့် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ တန်ဖိုးမြှင့်ဝါးစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်းကို ဇွန်လ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသရှိ ဒေသခံ ဝါးစိုက်ပျိုးထုတ်လုပ်ရေးအစုအဖွဲ့များနှင့် စိတ်ပါဝင်စားသူ (၂၀)ဦးတို့တက်ရောက်ကြကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)