ကာမိုင်း ဇွန် ၂၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော KG တန်းမှ Grade-7 အတန်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီခန့်က အ.ထ.ကမြစိမ်းရောင်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပြီး KG တန်းမှ Grade-7 အတန်းကြား ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၄၀၃)ဦးအား တစ်ဦးချင်းအတန်းလိုက် အမည်စာရင်းများ စစ်ဆေးရေးသွင်းခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်စေခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံမှုလုပ်ငန်းကို မြို့အထွေထွေအုပ်ချုပ်ရေးမှူးဦးသန်းထိုက်၊ ကျန်မာရေး ၀န်ထမ်းများ၊ ပညာရေး၀န်ထမ်းများ၊ ရပ်/ကျေးစာရေး၀န်ထမ်းများက ပူးပေါင်းပါ၀င် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)