သပိတ်ကျင်း ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ၊ တော်ဝင်ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက မြန်မာနိုင်ငံဂီတအစည်းအရုံး မြန်မာ့ဂီတနေ့ အထိမ်းအမှတ်အစည်းအရုံးဝင် အဆိုပြုလွှာများပေးအပ်ပွဲ ကျင်းပရာမြို့နယ်ဂီတ အစည်းရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဂီတဝါသနာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဂီတဝါသနာရှင်(၂၈) ဦး၏ အစည်းရုံးဝင် အဆိုပြုလွှာများကို တေးရေး( တော်ဝင်ခိုင်စိုး)၊ ဦးခိုင်စိုးကပေးအပ်ရာ မြို့နယ်ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဇီးကုန်ုးကံမြင့်ဝင်း(ခ) ရာဇာမြင့်ဝင်း (မြို့မ)က လက်ခံရယူသည်။
ထို့နောက် မြို့နယ်ဂီတအစည်းရုံး ဥက္ကဋ္ဌက တက်ရောက်လာကြသည့် ဂီတအစည်းအရုံး အဖွဲ့ဝင်များနှင့် ဂီတဝါသနာရှင်များအား ကျေးဇူတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)