ဒေါပုံမြို့နယ်ရှိ ဒေါပုံစျေးအတွင်း Mask Campaign ပြုလုပ်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်

ဒေါပုံ ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးစေရေးရည်ရွယ်၍ ယနေ့ နံနက် ၉ နာရအချိန်မှစ၍ ပူးပေါင်းအဖွဲ့ဖြင့် Mask Campaign ပြုလုပ်၍ (Mask) များကို(အခမဲ့) ဖြန့်ဝေပေးကြောင်း သိရှိရသည်။ထိုသို့  Mask Campaign ပြုလုပ်ရာတွင် ဒေါပုံဈေး၊ ရတနာဈေးအတွင်းတွင် ဈေးဝယ်၊ ဈေးသည်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ နေထိုင်၊ လုပ်ကိုင်၊ သွားလာစေရေး အတွက်ဒေါပုံဈေး ဈေးဆိုင်ခန်း ရောင်းချနေသူများ၊ စျေးဝယ်သူ မိဘပြည်သူများထံ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ ပါကြောင်းနှင့် Mask (၅၀၀)ခု ကို (အခမဲ့) ဖြန့်ဝေပေးကြပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကြရန် အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သူဇာဝင်း