လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်လှစ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်

ပုသိမ် ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ယနေ့ နံနက် ၈ နာရီအချိန်က လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများ သင်တန်းအမှတ်စဉ်(/၂၀၂၂)ဖွင့်ပွဲ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပိုးသတ်ဆေး ရောင်းဝယ်သူများအနေနဲ့ နားလည်တတ်ကျွမ်းမှုရှိပါက ပို၍အဆင်ပြေမည်ဖြစ်ကြောင်း၊ ပိုးသတ်ဆေးရောင်းဝယ်သူများအနေဖြင့် လက်မှတ်ရအရောင်းဆိုင်များရှိသလို လက်မှတ်မရရှိသေးသူများရှိကြောင်းလဲ သိရပါကြောင်း၊ အဓိကအားဖြင့် ဧရာဝတီတိုင်း​ဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသော တိုင်းဒေသကြီးဖြစ်သည့်အတွက် အရည်အသွေးကောင်းမွန်သည့် ပိုးသတ်ဆေးများသုံးစွဲခြင်းဖြင့် အထွက်နှုန်းတိုးတက်လာမှာဖြစ်ကြောင်း ရာသီဥတုဖောက်ပြန်မှုများကြောင့် ဖြစ်ပေါ်လာသည့် ပိုးမွှားများ၏ရန်ကို ကာကွယ်နိုင်ကြစေဘို့ အထူးပင်လိုအပ်ကြောင်း၊ စျေးကွက်ဝင်သောသီးနှံများ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်၊၊

င်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က ယခုကဲ့သို့သော သင်တန်းများကိုအကြိမ် ၃၀ မြောက် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း၊ သင်တန်းများ တက်ရောက်ပြီးမှသာ ပိုးသတ်ဆေးများရောင်းချခွင့်လက်မှတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဓာတုဗေဒ ပစ္စည်းများဖြင့်ထုတ်လုပ်သည့် ပိုးသတ်ဆေးများ သုံးစွဲလာမှုများပြားလာတဲ့အတွက် စားသုံးသူများအနေဖြင့် ရောဂါဖြစ်ပွားမှုများပြားလာခြင်းနဲ့ ဓာတု​ပစ္စည်းများဖြင့် ထုတ်လုပ်သောဓာတ်မြေသြဇာများ သုံးစွဲလာခြင်း တို့ကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်ရကြောင်း၊ သို့ဖြစ်၍ ပိုးသတ်ဆေးရောင်းချသူများအနေဖြင့် တောင်သူဦးကြီးများကို သေချာရှင်းလင်းပြောကြားပြီးမှသာ ရောင်းချကြစေလို ကြောင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဒုတိယဦးစီးမှူးများက ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ ပိုးသတ်ဆေးသုံးစွဲသူများနှင့် လိုင်စင်ရရှိ ထားသူများလိုက်နာရမည့် စည်းကမ်းများ၊ ပိုးသတ်ဆေးဖော်စပ်ထုတ်လုပ်မှုနှင့် အရည်အသွေး စသော ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းကာလမှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကာ တိုင်းဒေသကြီးအတွင်းရှိ သင်တန်းသား/သူ ၂၅၅ ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပုသိမ်ခရိုင်ပြန်ဆက်)