ဖောင်ကြီး အ‌ရှေ့ကျေးရွာအုပ်စု ပန်းတောကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေး

လှည်းကူး ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့ ကျေးရွာအုပ်စု၊ ပန်းတောကုန်းကျေးရွာတွင် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ယနေ့ နံနက်(၈) နာရီက ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတို့က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ် ပန်းတောကုန်းကျေးရွာ အမှတ် (၁) ရပ်ကွက် အတွင်းရှိ နေအိမ်များ၌ ရေကန်၊ ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သော ခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက် ၊ ညောင်ရေအိုး ၊ ပန်းအိုးများတွင် ပိုးလောက်လန်း ကာကွယ်ရေး အဘိတ်ဆေးများခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။ ထို့နောက် သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)