မန္တလေး ဇွန် ၂၈
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Fitness Dance သင်တန်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ စတင်ဖွင့်လှစ်သည်။
အဆိုပါအခမ်းအနားတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖူးဝေသိန်းက လူငယ်မောင်မယ်များ ကိုယ်ကာယကျန်းမာရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် နည်းပြဒေါ်အေးအေးအောင်က ကကွက်များကို စနစ်တကျကပြနိုင်ရေးအတွက် သင်ကြားပေးမည်ဖြစ်ရာ စံနစ်တကျလေ့လာမှတ်သားရန် လိုအပ်ပါကြောင်း၊ အနာဂတ်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်သော၊ နိုင်ငံကအားထားရသော လူငယ်လူရွယ်များဖြစ်ပါစေကြောင်း ဆွေးနွေးပါသည်။
အဆိုပါသင်တန်းကို သင်တန်းသား(၅)ဦးတက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ (၂)ရက် ဖြစ်ကြောင်း သိရသည်။
မန္တလေး (ပြန်/ဆက်)