ကျောက်ဆည်မြို့နယ် ပြည်သူများသောက်သုံးရေဖူလုံစွာရရှိစေရေး ကျေးရွာ(၄)ရွာတွင် လုပ်ငန်းများစတင်ဆောင်ရွက်

ကျောက်ဆည်   ဇွန်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်သူများသောက်သုံးရေဖူလုံစွာရရှိစေရေး ကျေးရွာ(၄)ရွာတွင် ငွေလုံး ငွေရင်း(မူလ) ရန်ပုံငွေဖြင့် ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ဥယျာဉ်ကျေးရွာတွင် အလျား(၁၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၁၀)ပေ၊ ရေဂါလံ(၂၄၀၀)ဆန့်  စင်မြင့်ရေစင်(၁)စင်နှင့် ရေစက်ရုံ(၁)ရုံ၊ ငှက္ကတောင်ကျေးရွာတွင် ရေဂါလံ(၂၄၀၀)ဆန့် မြင့်ရေစင်(၁)စင်နှင့် (၂)လက်မအကျယ်(PVC)ပိုက်အရှည် (၂၈၀၀)ပေ သွယ်တန်း ပေးခြင်း၊ အရှေ့ငယ်တိုးကျေးရွာတွင် အနက်ပေ(၅၀၀)၊(၄)လက်မအကျယ် စက်ရေတွင်း (၁)တွင်း၊  အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ၊ ရေဂါလံ(၂၄၀၀)ဆန့်  စင်မြင့်ရေစင်(၁)စင်နှင့် ရေစက်ရုံ(၁)ရုံနှင့် (၂)လက်မအကျယ် (PVC)ပိုက်အရှည် (၅၂၈၀)ပေသွယ်တန်းပေးခြင်း၊ ကုန်းကြီး ကျေးရွာတွင် အနက်ပေ (၄၀၀)၊ (၄)လက်မအကျယ် စက်ရေတွင်း(၁)တွင်း၊ ရေဂါလံ(၂၄၀၀)ဆန့်စင်မြင့်ရေစင်(၁)စင်နှင့် ရေစက်ရုံ (၁)ရုံ၊ (၂)လက်မအကျယ် (PVC)ပိုက်အရှည် (၁)မိုင် သွယ်တန်းပေးခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

အဆိုပါရေပေးဝေရေးလုပ်ငန်းများ ပြီးစီးသွားပါက  အိမ်ခြေ(၁၅၀၄)အိမ်၊ လူဦးရေ(၆၉၈၃)ဦးအတွက် သောက်သုံးရေများ ရာသီမရွေးသုံးစွဲနိုင်တော့မည်ဖြစ်ပြီး ကျွဲ၊နွားတိရိစ္ဆာန်များအတွက်လည်း များစွာအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်