ကွမ်းခြံကုန်း ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက်၊ ရတနာပုဲ(၁)လမ်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါစျေးရောင်းချရာတွင် ဒေသခံပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် ၁၀၀၀/- ကျပ် (၅)ပြည်တစ်အိတ်လျှင် ၅၀၀၀/- ကျပ်နှုန်းဖြင့် အိတ် ၁၀၀ အားလည်းကောင်း၊ ပေါ်ဆန်မွှေးတစ်ပြည်လျှင် ၁၇၀၀ ကျပ် (၅)ပြည်တစ်အိတ်လျှင် ၈၅၀၀/-ကျပ်နှုန်းဖြင့် အိတ်(၁၀၀)လည်းကောင်း၊ ဆီတစ်ဗူးလျှင် ၂၉၀၀/- ကျပ်ဖြင့် ဆီ ၄၀၀ ဗူးအားလည်းကောင်း၊ ကြက်ဥ(၁၀)လုံးတစ်ကဒ်လျှင် ၁၇၀၀/- ကျပ်ဖြင့် ၁၀ ကဒ်အားလည်းကောင်း၊ အမဲ ၁ ပိဿာ ၁၂၀၀၀/- ကျပ်နှုန်းဖြင့် ၅ ပိဿာအားလည်းကောင်း၊ ဆိတ် ၁ ပိဿာ ၂၂၀၀၀/- ကျပ်နှုန်းဖြင့် ၁၇ ပိဿာတို့ကို ပြည်သူများအား စျေးနှုန်းသက်သာစွာ လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
ဆွေနွယ် (IPRD)