စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

စဉ့်ကိုင်   ဇွန်  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာတို့ပူးပေါင်း၍ စာရေးဆရာမတင်တင်၀င်း (စာပေဗိမာန်)၏ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးရေး စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန Community   Centre ခန်းမတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းကစာဖတ်ဝိုင်းများကျင်းပရခြင်းနှင့် ယနေ့ခေတ်ပညာရေး၊စီးပွား ရေး စသည့် နယ်ပယ်အသီးသီးတွင် အမျိုးသမီးများပါ၀င်လာကြောင်း၊ အမျိုးသမီးများအတွက်  လုပ်ငန်းခွင် လုံခြုံစိတ်ချရမှုရှိရေးသည်အလွန်အရေးကြီးကြောင်းနှင့် အမျိုးသမီးအခွင့်အရေးနှင့်  ပတ်သက်၍  အသိပညာဗဟုသုတရရှိ စေရေးသင်တန်းပေးခြင်းများ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ပြီးဒေါ်ခင်ဆန်း ၊ Woman  Club (ဥက္ကဋ္ဌ)မြန်မာနိုင်ငံအပါအ၀င်ကမ္ဘာ့နိုင်ငံများမှ ထူးချွန်ထက်မြက်သည့်အမျိုးသမီးများအကြောင်း၊  သဘာ၀ကပေးထားသည့်   တာ၀န်များကိုကျေပွန် အောင်ထမ်းရွက်ကြသည့် မိခင်စိတ်နှလုံးသားများကြောင့် တန်ဖိုးရှိလာပြီး မိမိအတ္တထက် ပရအကျိုးကိုထမ်းဆောင်နိုင်ခဲ့ကြသည့်အမျိုးသမီးများလည်းရှိပါကြောင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒေါ်နီနီ၊  အမျိုးသမီးရေးရာအဖွဲ့၀င်ကကမ္ဘာပေါ်တွင် အမျိုးသမီးဦးရေသည် ၂၀ ရာစု ခန့်မှ စတင်၍မြင့်တက်လာပြီး  အမျိုးသမီးများ၏  အခွင့်အရေး၊ ကျား/မတန်းတူညီမျှရေးဆိုင်ရာ တောင်းဆိုမှုများ မြင့်တက်လာကြောင်း၊ မိသားစုအကျိုး၊ လူမှုအဖွဲ့အစည်းအကျိုးများတွင် အမျိုးသမီးများသည်အဓိကကဏ္ဍမှပါ၀င်နေကြောင်းနှင့်နှစ်စဉ်နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားများ ကျင်းပနေခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများကလည်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)