တပ်ကုန်း ဇွန် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အေရိုးဗစ်တတ်သိသည့် ကျောင်းသူများနှင့် ပူးပေါင်း၍ အေရိုးဗစ်သရုပ်ပြအကအစီအစဉ်ကို ဇွန် ၂၈ရက် မွန်းတည့် ၁၂နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ထိုအကသရုပ်ပြဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအတွင်း အေရိုဗစ်အားကစားကို စိတ်ပါဝင်စားလာပြီး စနစ်တကျ လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဝါသနာပါသူများ အေရိုးဗစ် အားကစားနည်းကို အခြေခံမှစ၍ စနစ်တကျကျွမ်းကျင်တတ်မြောက်စေရန်၊ သက်တမ်းအလိုက် တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် လေ့ကျင့်ခြင်း၊ ကိုယ်ကာယကျန်းမာရေး ဆောင်ရွက်ရန် ရည်ရွယ်၍ သရုပ်ပြသဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ကျင်းပခဲ့သည့် အေရိုးဗစ်သရုပ်ပြအက အပြည့်အစုံကို ကိုယ်ကာယကျန်းမာရေးအသိ ပိုမိုသိရှိစေရန် တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်