ကျိုက်ထို ဇွန် ၂၈
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းရှိ ဂရမ်အင်း/ရေချိုချောင်း လေလံရောင်းချပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
လေလံရောင်းချပွဲတွင် သထုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူးဦးမင်းမင်းက လေလံစည်းကမ်းများအား ဖတ်ကြားပြီး ကျိုက်ထိုမြိုနယ် လေလံရောင်းချရေးအဖွဲ့မှ လေလံပွဲ စတင်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ အဘိုင်းကြီး/အဘိုင်းလေးနှင့်ဘီးလင်းမြို့နယ်၊ ကဆိုင်းကြီး/ကဆိုင်းလေး အင်းစုစုပေါင်း (၂၉.၉၄)ဧကအတွက် ကြမ်းခင်းဈေး(၁၃၄,၀၀၀ိ/-)အား ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာနေ ဦးထွန်းတင်မှ လေလံဈေး(၁၆၃၀၀၀ိ/-)ဖြင့်လည်းကောင်း၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာနှင့် ထန်းတစ်ပင်ချောင်းကျေးရွာရှိ ချောင်းစုစုပေါင်း (၁၀၀)ဧကအတွက် ကြမ်းခင်းဈေး (၁၇၇၂၀ဝိ/-)အား ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာနေ ဦးနေဝင်းမှ လေလံဈေး (၁၈၀၀၀ဝိ/-)ဖြင့်လည်းကောင်း အသီးသီး လေလံ ရရှိခဲ့ကြောင်း သိရသည်။
ဝင်းမောင် (ကျိုက်ထို)