မှော်ဘီ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် ပစ္စည်းလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မှော်ဘီမြို့နယ် အ.ထ.က(တပ်ကြီးကုန်း)ကျောင်း၊ ပြည်တော်သာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းစိုးက အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းလင်းအောင်က အားကစားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးသိန်းလင်းအောင်က အားကစားနှင့်ပတ်သတ်သည့် ပစ္စည်းများအား အ.ထ.က(တပ်ကြီးကုန်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုးစန္ဒာသိန်းထံ ပေးအပ်လှူဒါန်းခဲ့ပြီး အေရိုးဗစ်အားကစားနည်းဖြင့် သရုပ်ပြခြင်း၊ Myanmar Fitness Dance ဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)