သာကေတ ဇွန် ၂၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် Phase-12 (Sinopharm)ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၇၄၂၅) ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။
သာကေတမြို့နယ်၌ ကျောင်းအခြေပြုအသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် Phase-12 (Sinopharm)အား ဆက်လက်ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီမှ ညနေ(၂:၀၀)နာရီအထိ ၁၀/မြောက်ရပ်ကွက်ရှိ အမှတ်(၂၉)အခြေခံပညာမူလတန်းကျောင်း၊ ၄/တောင်ရပ်ကွက်ရှိ အမှတ် (၃၈)အခြေခံပညာမူလတန်းကျောင်း၊ ၁/အနော်မှာ ရပ်ကွက်ရှိ အမှတ်(၂၄) အခြေခံပညာ မူလတန်းကျောင်း၊ ၂/တောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၄၆၄)ဦးအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်လမ်းညွှန်စီမံမှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေး အသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊ မရှိ၊ ကာကွယ်ဆေးများထိုးနှံထားခြင်းရှိ၊မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာ မူလတန်းကျောင်း (၄၆) ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း(၆) ကျောင်း ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း(၈)ကျောင်းရှိ (၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ