မိုးမိတ် ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကိုဖွင့်လှစ်၍ ပညာသင်ကြားပို့ချပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော ကျောင်းသား၊ကျောင်းသူများအား မိုးမိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီမှ စတင်၍ အခြေခံပညာ အထက်တန်းကျောင်း (ညောင်ပင်စောက်)တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေး ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ဆောင်ရွက်ပေးနေသော အခြေခံပညာအထက်တန်းကျောင်း(ညောင်ပင်စောက်)၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်မည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၂၀) ခန့်ရှိကြောင်း သိရသည်။
ထိုသို့ ဆာင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)