မောင်တော ဇွန် ၂၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မူးယစ်ဆေးဝါးနှင့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ် ဆေးဝါး နှင့်ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ၊ ပုဒ်မ၊ ပြစ်မှု ၊ ပြစ်ဒဏ်များအား အသိပညာပေးဟောပြောခြင်း၊ မောင်တော မြို့မရဲစခန်း ဒုတိယစခန်းမှူး ယာဉ်/ လမ်းစည်းကမ်း ထိန်းသိမ်းရေး တပ်ဖွဲ့စုမှ ရဲအုပ်သန့်ဇင်လင်းက ယာဉ်/လမ်း စည်းကမ်းများနှင့် ပတ်သတ်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသိပညာပေး ဟောပြော ပေးခဲ့ကြပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ခန့် တက်ရောက် ခဲ့ကြကာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)