ညောင်ဦး ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၂၀၂၂ စင်တီမီတာသို့ တဖြည်းဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်သာ ရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၉၈ စင်တီမီတာလျော့နည်းကြောင်း၊ ယနေ့နေ့ခင်း ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၀၂၂ စင်တီမီတာရှိနေကာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အခြေအနေများအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ် မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းကာ သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထံကသိရှိရကာ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရေရေမှတ်ရောက်ရန် အလွန်နည်းကပ်နေကာ မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ